Breaking News

အသက်ရှင် ကျန်ရစ်ခဲ့သော ရင်ချင်းဆက် အမွှာ၏ ကျေးဇူးသိတတ်မှု





  တရုတ်နိုင်ငံရဲ့ဆေးပညာသမိုင်းမှာ အထူးခြားဆုံး ကုသမူကို ပြီးခဲ့တဲ့ ( ၁၉)နှစ်က ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရင်ချင်းဆက် အမွှာကို ပထမဆုံးအကြိမ် ခွဲစိပ်ကုသမှု ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ပေမယ့် ရင်ချင်းဆက် အမွှာထဲက တစ်ဦးဖြစ်သူဟာ နှလုံးရောဂါ ဝေဒနာကြောင့် သေဆုံးသွားခဲ့ ပါတယ်။ နှစ်ဦးစလုံးအသက် ဆုံးရှုံးနိုင်တဲ့ အနေအထားကနေ တစ်ဦးကို အသက်ရှင်အောင် ပြုလုပ်နိုင်ခဲ့တာကြောင့် တရုတ် နိုင်ငံရဲ့ ဆေးပညာလောက အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။
          အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ရင်ချင်းဆက် အမွှာထဲက Gu Qiao ဟာ ပြီးခဲ့တဲ့ (၁၉)နှစ်က သူ့ကို ဆေးကုသမှုပေးခဲ့တဲ့ ဆရာဝန်တွေဆီ သွားရောက်ကာ ကျေးဇူးတင်စကား ဟြေကြားခဲ့ပါတယ်။ Gu Qiao ဟာ အရွယ်ရောက်နေပြီး မကြာမီမှာ တက္ကသိုလ် တက်ရောက်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့( ၁၉)နှစ်တာ ကာလ အတွင်းမှာ Gu Qiao  ဟာ ရောဂါ အမျိုးမျိုးခံစားခဲ့ရ ပေမယ့် အသက်ရှင်အောင် နေထိုင်နိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်အထိ Gu Qiao ဟာ ရောဂါတွေကို ခံစားခဲ့ရနေရပေမယ့် အခက်အခဲတွေကို ကျော်လွှား နိုင်ခဲ့ပါတယ်။ Gu Qiao ဟာ သူ့ကို ဆေးကုသပေးတဲ့ ဆရာဝန်တွေကို သွားရောက် နုတ်ဆက်ရာမှာ ၀မ်းသာအားရ ဖြစ်နေတဲ့ ပုံစံက မြင်ရသူတွေအတွက် စိတ်ကျေနပ် မှုဖြစ်စေခဲ့ပါတယ်။ Gu Qiao ဟာ ၂၀၂၀ ဘေဂျင်းအိုလံပစ်မှာ လုပ်အားပေးအဖြစ် ပါဝင်ခွင့်ရဖို့ လျှောက်လွှာ တင်ထားကြောင်း သိရပါတယ်။ Gu Qiao ကို ခွဲစိပ် ကုသနိုင်ဖို့ ဆရာဝန်တွေဟာ ပြင်ဆင်မှု( ၂၈)ရက်ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ ဆေးပစ္စည်းတွေ ၀ယ်ယူကာ အဖွဲ့ဝင်ပေါင်း ( ၁၀၀) ကျော်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

 http://www.messengernewsjournal.com/General/Eventure/detail.php?id=42241

No comments